ပရီးမီးယားလိဂ်ကရော မန်စီးတီးကိုအပြစ်ပေးမလားဆိုတာ တကယ်စိတ် ဝင်တစားဖြစ်တယ်ဆိုတဲ့ လီဗာပူးကစားသမားဟောင်း စတီဗင်ဂျာရက်

လီဗာပူးကစားသမားဟောင်း ကပ္ပတိန်ဖြစ်တဲ့ ဂျာရက်ဟာ ပြီးခဲ့တဲ့အပတ်က UEFA ရဲ့ အပြစ်ပေးခြင်းခံရတဲ့ မန်ချက်စတာစီးတီးအကြောင်းကို ယခုလိုပြောကြားခဲ့ပါတယ် ။

” တကယ့်၊ တကယ်ကိုစိတ်ဝင်စားစရာပါပဲ ။ မန်စီးတီးအတွက်အဆိုးတွေပဲဆက်တိုက်ဖြစ်လာနေတယ် ။ အကယ်ရျ် ပရီးမီးယားလိဂ်ကပါ အပြစ်ပေးခံရရင်တော့ ကြားထဲမှာရခဲ့တဲ့ ၂၀၁၃-၂၀၁၄ ရာသီက ဆုပါ ပြန်သိမ်းသွားနိုင်တယ် ။ ဒီအခါ အကုန်နီးပါးဆုံးရှုံးသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ် ။

လွန်ခဲ့တဲ့သောကြာနေ့က မန်စီးတီးအသင်းဟာ ယူအီအက်ဖ်အေမှ နှစ်ရာသီစာ အနားပေးခြင်းခံရတဲ့အပြင် ပေါင်သန်း (၃၀) ပါ ဒဏ်ဆောင်ခဲ့ရပါတယ် ။

ဒီရက်ပိုင်းတွေမှာလည်း အသင်းပိုင်ရှင် ရှိခ်မန်ဆွာက ကစားသမားတွေနဲ့ တောက်လျှောက်တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ် ။ အခုအမှုက ပက်ဂွါဒီယိုလာအတွက်လည်း တော်တော်လေးအကြပ်ရိုက်နေတာပါ။ ပက် အနေနဲ့ အသင်းကထွက်ခွာမလား ဆက်ရှိနေမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာမို့ မန်စီးတီးဖန်တွေကတော့အယူခံဝင်တာ အောင်မြင်နိုင်ဖို့ပဲ ဆုတောင်းပေးနေရတော့မှာပါ ။

TBS_Pedro

Leave a comment

Design a site like this with WordPress.com
Get started