မန်စီးတီးကို (၂)ရာသီချန်ပီယံလိဂ်ကစားခွင့်ပိတ်ပင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း “ကလော့ပ်”ပြောကြား

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို UEFAက ငွေကြေးဆိုင်ရာစည်းမျဉ်းများ အကြီးအကျယ်ချိုးဖောက်မှုအတွက် ဘောလုံးရာသီ(2)ရာသီတိုင် ချန်ပီယံလိဂ်ကစားခွင့်ပိတ်ပင်ကြောင်း သောကြာနေ့ကထုတ်ပြန်လိုက်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး နော်ဝစ်ခ်ျ-လီဗာပူးပွဲစဉ်အပြီး “ကလော့ပ်”ကို မီဒီယာများကမေးမြန်းရာ –
“ဒီသတင်းကိုကြားကြားချင်းပဲ တုန်လှုပ်သွားတယ်။သူတို့ဘာလို့ဒီလိုဖြစ်လဲဆိုတာ ကျွန်တော်မသိပါဘူး။ဘောလုံးနည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်ပြောနိုင်တာက မန်စီးတီးဟာ Pepလက်အောက်မှာ ပုံစံကောင်းတွေပြနေတဲ့အသင်းပါ။Pepကြိုးစားနေတာတွေ၊မန်စီးတီးအသင်းလုပ်ဆောင်နေတာတွေအကုန်လုံးကို ကျွန်တော်လေးစားပါတယ်။ဒီပြစ်ချက်တစ်ခုအတွက်နဲ့ မန်စီးတီးအသင်းရပ်တန့်သွားမှာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

Ref : Sky Sports

TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started