
ပေါ့ဘာရဲ့အသင်းအပေါ်ကိုစိတ်မဝင်စားမှုတွေ စိတ်မပါမှုတွေနဲ့ အသင်းကထွက်ဖို့ တာဆူနေတဲ့ သတင်းတွေ ပလူပျံနေတဲ့ကြားက ယူနိုက်တက်ဘက်ကလည်း အခုလိုတုံ့ပြန်သတင်းထွက်ပေါ်ခဲ့ပါတယ် ။
မသေချာတော့တဲ့ ပေါ့ဘာရဲ့ အနာဂတ်ကြောင့် ဂျူဗင်တပ်က ကွင်းလယ်လူနှစ်ယောက်ကို ရွေးချယ်ထားတယ်ဆိုပြီး ယူနိုက်တက်ဘက်ကပြောဆိုခဲ့ပါတယ် ။
အကယ်ရျ် ပေါ့ဘာက ဂျူဗင်တပ်ကို ပြန်လာမယ်ဆိုရင် ရမ်ဆေး နဲ့ ရားဘီရော့ ကို လက်မှတ်ထိုးခေါ်ယူဖြစ်မှာပါ ။ ဆာရီအောက်မှာ ကစားကွက်ပျောက်နေတာဖြစ်လို့ အခုလိုပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ ။
လွန်ခဲ့တဲ့နှစ်တွေကလည်း ရမ်ဆေးနဲ့ရားဘီးရော့ကို ချိတ်ဆက်ခဲ့ဖူးပါတယ် ။ ရမ်ဆေးကိုယ်တိုင်က ကာဒစ်ဖ်မှာရှိတုန်းက မန်ယူကိုစိတ်ဝင်စားခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာတော့ဝှေးလ်အင်တာနေရှင်နယ်ကနေ ထွက်ပြီး အာဆင်နယ်ကိုပဲချိတ်ဆက်မိခဲ့ပါတယ် ။
ရားဘီးရော့ကတော့ ပီအက်စ်ဂျီကထွက်တုန်းက ယူနိုက်တက်ကိုလာဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခွင့်မသာခဲ့ပါဘူး
နှစ်ဦးစလုံးကတော့ အီတလီကနေထွက်ခွာပြီး အိုးထရက်ဖို့ကို ဦးစားပေးရွေးချယ်မှုထားနေပါတယ်။ အကယ်ရျ် ပေါ့ဘာနဲ့သာ အလဲအထပ်ရိုက်ဖြစ်ခဲ့ရင်တော့ နှစ်ဦးနှစ်ဖက် ကျေနပ်စရာကောင်းမှာပါ ။
Ref : Express