
ဆွန်ဟောင်မင်ဟာ အသက်(၂၇)နှစ်ရှိပြီးဖြစ်တဲ့ တောင်ကိုရီးယားလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပါတယ် ။ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်ကလပ်တစ်ခုဖြစ်တဲ့ စပါးရှေ့တန်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီညပွဲအပြီးမှာ ဂိုး(၅၀)သွင်းနိုင်တဲ့ ပထမဆုံးသော အာရှသားအဖြစ်သတ်မှတ်ခံလိုက်ရပါပြီ ။
ယခုည ဗီလာပက်ခ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်တို့ပွဲမှာ ဆွန်ဟောင်မင်က ၄၅’+၂ မိနစ်မှာ တစ်ဂိုးသွင်းယူပြီး ပွဲပိတ် ၉၀’+၄ မိနစ်မှာ အပိတ်ဂိုးသွင်းယူခဲ့ပါတယ် ။ ပွဲပြီးတဲ့အခါမှာတော့ ၂-၃ ဂိုးနဲ့ စပါးတို့ အိမ်အပြန်လှခဲ့ပါတယ် ။
ဆွန်ယောင်မင်ဟာ ယခင်က အိုးထရက်ဖ်ဖို့က နာမည်ကြီးအာရှကစားသမား ပက်ဂျီဆန်မရှိတော့သည့်နောက်ပိုင်း ပရီးမီယားလိဂ်ရဲ့ နာမည်ကြီးအာရှ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ် ။ ဆွန်က မော်ရင်ဟို့ရဲ့ပွဲမြူး ဂိုးမြူးလေးပေါ့ ။
Ref : goal.com