
ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ UEFA ရဲ့ ပွဲကစားခွင့်တွေနှစ်နှစ်ပိတ်ခံရလိုက်ပါပြီ ။ 2020-2021 , 2021-2022 အတွက် ပွဲကစားခွင့်တွေပိတ်ခံလိုက်ရတဲ့အပြင် ပေါင် ၂၅သန်းပါ ဒဏ်ငွေဆောင်ဖို့ ဒဏ်တပ်ခံရလိုက်ရပါတယ် ။
ဘဏ္ဍာရေးနဲပတ်သတ်တဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်လို့ အခုလိုဒဏ်ချခံရတာပဲဖြစ်ပါတယ် ။ မန်စီးတီးအသင်းဟာ ၂၀၁၂-၂၀၁၆ အတွင်း စည်းကမ်းတွေကို ဆိုးရွားစွာ ချိုးဖောက်ခဲ့တာအပြင် ၊ တာဝန်ရှိသူတွေဟာလည်း စစ်ဆေးခံဖို့ အကြိမ်ကြိမ်ငြင်းဆန်မှုတွေရှိနေတာဟာ ပြစ်မှုထင်ရှားခဲ့ပါတယ် ။
မန်စီးတီးအသင်းဘက်ကတော့ ဆွစ်ဇလန်နိုင်ငံမှာရှိတဲ့ CAS (အားကစားခုံရုံး) မှာ အယူခံဝင်မယ်လို့လည်း ပြောကြားသွားပါတယ် ။
အယူခံမအောင်မြင်ရင်တော့ အသင်းကြီးတစ်သင်းအတွက် တော်တော်နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ် ။
Ref:Sky Sports
#TBS_Pedro