Breaking:💥ကြားဖြတ်သတင်းအတိုအထွာလေးများ💥

“အူဘာမီယန်”ကို အသင်းမှာဆက်ထိန်းထားဖို့ အာဆင်နယ် မန်နေဂျာ”အာတီတာ”အတွက် ခက်ဖဲဖွယ်ရှိပါတယ်။”အူဘာမီယန်”ကို “ဘာစီလိုနာ”အပြင် “အင်တာမီလန်”ကပါလိုချင်နေတာပါ။

လက်စတာအသင်းရဲ့ကွင်းလယ်ဖန်တီးရှင်”ဂျိမ်းမက်ဒီဆင်”ဟာ လာမယ့်နွေမှာ “မန်ချက်စတာယူနိုက်တက်”ကိုပြောင်းဖို့ဆုံးဖြတ်ထားပြီးသားလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ”ပေါ့ဂ်ဘာ”က လာမယ့်နွေမှာအသင်းပြောင်းချင်သော်လည်း သူ့ရဲ့တန်ကြေးကို “ယူနိုက်တက်”ဘက်က ပေါင်(၈၃)သန်းဝန်းကျင်သတ်မှတ်ထားတာဖြစ်တဲ့အတွက် ထွက်ခွာဖို့အခက်အခဲဖြစ်နေပါတယ်။

ချယ်ဆီးတိုက်စစ်မှုးကို”ဂျီရူး”ကိုခေါ်ယူရန် အီတလီကလပ် “လာဇီယို”အသင်းက အကြိုစာချုပ်ချုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။သို့သော် ဂျီရူးကိုခေါ်ဖို့ “တော့တင်ဟမ်”ကလဲ ကြိုးစားခဲ့ဖူးတာကြောင့် ကစားသမားရဲ့ဆုံးဖြတ်ချက်ကိုလာမယ့်နွေအထိ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

“အက်သလက်တီကိုမက်ဒရစ်”ရဲ့ ညာနောက်ခံလူ”ထရစ်ပီယာ”ဟာ ဒဏ်ရာကနေပြန်လည်သက်သာနေပြီး ချန်ပီယံလိဂ်”လီဗာပူး”နဲ့ကန်မယ့်ပွဲစဉ်မှာ ပါဝင်မည်ဖြစ်ကြောင်းသိရပါတယ်။







TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started