
“ချယ်ဆီး”ဟာ သူတို့ရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ “နသန်အကီ”ကို2016တုန်းက “ဘုန်းမောက်”အသင်းထံရောင်းချခဲ့တာပါ။အဆိုပါနယ်သာလန်နောက်ခံလူဟာ ပွဲပေါင်း(၁၁၃)ပွဲကစားခဲ့ရာ သွင်းဂိုး(၁၁)ဂိုးနဲ့၊ဂိုးထောက်ပံ့မှု(၅)ကြိမ်ပြုလုပ်ထားနိုင်သူပါ။အသက်က(၂၄)နှစ်သာရှိသေးပြီး နောက်ခံလူတစ်ယောက်အနေနဲ့ ဒီလိုစွမ်းဆောင်ရည်တွေက မျက်စိကျချင်စရာပါ။”အကီ”ကို “ဘုန်းမောက်”ထံရောင်းချခဲ့တုန်းက ပေါင်သန်း(၄၀)ပေးရုံနဲ့ “ချယ်ဆီး”ဘက်က ပြန်လည်ခေါ်ယူခွင့်ရှိကြောင်းကို စာချုပ်ထဲထည့်ချုပ်ထားပါတယ်။အဆိုပါအချက်အလက်ကြောင့် လာမယ့်နွေမှာ”အကီ”ကို “ချယ်ဆီး”ပြန်လည်ခေါ်ယူနိုင်တယ်လို့ မီဒီယာတွေကသုံးသပ်ထားပါတယ်။”ချယ်ဆီး”အပြင် လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့”အာဆင်နယ်” “စပါး”တို့ကလဲ “အကီ”အတွက်အပြိုင်အဆိုင်ချိတ်ဆက်မှုတွေပြုလုပ်ထားကြပါတယ်။
လက်ရှိမှာ ချယ်ဆီးဟာ လာမယ့်နွေအတွက်ပထမဆုံးခေါ်ယူမှုအဖြစ် “အေဂျက်”ကွင်းလယ်လူ “ဟာကင်းဇီယက်ခ်ျ”ကို ပေါင်သန်း(၄၀)နဲ့တရားဝင်ခေါ်ယူထားပြီးဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင် နောက်ခံလူကိုခေါ်လိုပါက ပေါင်သန်း(၄၀)နဲ့ ခေါ်ယူခွင့်ရမယ့်”ချယ်ဆီး”