
“အိုဇေးလ်”က – အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ပိုပြီးပျော်ရွှင်ရပါတယ်။
“အူဘာမီယန်”က – ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်းတိုးတက်နေပါတယ်။
“ဒေးဗစ်လူးဝဇ်”က – ကျွန်တော်တို့ဟာ ကြီးမားတဲ့အရာတစ်ခုခုကိုအောင်မြင်နိုင်လိမ့်မယ်လို့ တကယ်ယုံကြည်ပါတယ်ဆိုပြီး နည်းပြအပေါ်ချီးကျုးခဲ့ကြပါတယ်။
အာဆင်နယ်ဟာ နည်းပြ”အာတီတာ”လက်အောက်မှာကစားတဲ့ ပြိုင်ပွဲစုံ(၉)ပွဲမှာ သုံးပွဲသာအနိုင်ရခဲ့ပါတယ်။”အာတီတာ”ရောက်ခါစကလဲ သူတို့ဟာ နံပါတ်(၁၀)နေရာမှာရပ်တည်နေသလို အခုလဲမပြောင်းလဲသေးပါဘူး။
နယူးကာဆယ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ “အာတီတာ”က –
“ကျွန်တော်တို့မှာ အောင်မြင်မှုရဖို့နဲ့ အသင်းကိုရှေ့ဆက်နိုင်ဖို့လိုအပ်တဲ့ အချက်အလက်တွေအားလုံးရှိပါတယ်။ ကျွန်တော်တို့ဖြစ်ချင်တဲ့အတိုင်း လုပ်လို့ရပါတယ်။ ဒါကကျွန်တော့်အတွက် ကြီးမားတဲ့ခံစားမှုမျိုးပါ။ကစားသမားတွေလဲ ကျွန်တော့်လိုပဲပျော်ရွှင်နေကြပါတယ်။ကျွန်တော်တို့ရည်မှန်းချက်ကို တတ်နိုင်သလောက်မြန်မြန်အရှိန်မြှင့်တင်ရမယ်။အခုချိန်မှာ ထိပ်ဆုံးလေးသင်းပြင်ပကိုရောက်နေပေမယ့် လိုအပ်တဲ့နိုင်ပွဲတွေယူပြီး ချန်ပီယံလိဂ်တစ်နေရာကိုယူနိုင်ရမယ်။”မန်ယူ”ကို2-0နဲ့နိုင်တဲ့ပွဲ၊”ချယ်ဆီး”ကို2-2နဲ့သရေကျတဲ့ပွဲတို့ကိုပြန်ကြည့်ရင် အခြေအနေတွေဟာ ပေါင်းခြင်းလက္ခဏာဆောင်နေတာကိုတွေ့ရပါမယ်။ဒါ့အပြင်ကျွန်တော်တို့အသုံးပြုခဲ့တဲ့ တန်ပြန်တိုက်စစ်ကလဲ အလွန်ကောင်းမွန်ခဲ့ပါတယ်။ အရင်တုန်းကမတွေ့ခဲ့ရတဲ့ ကစားသမားတွေရဲ့ကွင်းထဲကအမူအကျင့်တွေ၊တိုးတက်မှုတွေကိုလဲတွေ့နေရပါပြီ။အထူးသဖြင့် ထိပ်တန်းကစားသမားတွေပေါ့။ကွင်းထဲမှာကျွန်တော်နဲ့သူတို့တွေဟာ အရမ်းကြီးမကွာဝေးပါဘူး။ပြီးတော့ ပွဲကစားနေတဲ့အချိန် “body language”ကလဲအရေးပါပါတယ်။ကျွန်တော်ကသူတို့ကိုပွဲချိန်အတွင်းမှာ ဘယ်လိုပုံစံကစားရမယ်၊ဘာလုပ်ရမယ်ဆိုတာ အမြဲအကြံပေးဖြစ်ပါတယ်”လို့ သူ့ရဲ့ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီးဖြေကြားခဲ့ပါတယ်။