
ယူနိုက်တက်ရဲ့ နာမည်ကြီးကစားသမားပေါ့ဘာက မကြာသေးမီကပင် ယူနိုက်တက်မှာမပျော်တော့ကြောင်း အသင်းဖော်တွေကို ပြောပြတယ်ဆိုတဲ့ သတင်းတွေတက်လာပါသေးတယ် ။
အေးဂျင့်ရိုင်အိုလာရဲ့ ပြောကြားချက်အရ “အီတလီက သူ့အတွက်အိမ်လိုပါပဲ , သူက ဂျူဗင်ကို ပြန်သွားဖို့စိတ်ရှိတာလား မရှိတာလားဆိုတာက ရာသီကုန်မှ သေချာသိရမှာပါ။ ဒါပေမဲ့ အိုးထရက်ဖ်ဖို့ကနေထွက်ဖို့ကတော့ သေချာသလောက်ရှိနေပြီ”ဆိုတာကို အတည်ပြုပြောကြားသွားပါတယ် ။
ဒါဆိုရင် ရှေ့လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ အခြေအနေက အသစ်တွေပဲရှေ့ဆက်မှာလား ဗျူဟာကောင်းတွေရေးဆွဲနိုင်မှာလားဆိုတာကလည်း စောင့်ကြည့်ရတော့မှာပါပဲ !!!!
Ref : Express
#TBS_Pedro