ပရီးမီးယားလိဂ်ကိုပြန်လာချင်ပါတယ်လို့ ရိုးရိုးသားသားဝန်ခံခဲ့တဲ့”စပါး”နည်းပြဟောင်း”ပိုချက်တီနို”

“စပါး”နည်းပြဟောင်း”ပိုချက်တီနို”ဟာ သူအရမ်းချစ်တဲ့ဘောလုံးလောကနဲ့ ဝေးကွာခဲ့တာ(၃)လရှိခဲ့ပါပြီ။”ပိုချက်တီနို”ဟာ သူ့ရဲ့အသင်းဟောင်းရှိသော်ငြားလည်း “ပရီးမီးယားလိဂ်”မှာပဲ နည်းပြလုပ်ချင်တယ်လို့ဝန်ခံခဲ့ပါတယ်။သူဟာ ဘယ်အသင်းကိုနည်းပြလုပ်ချင်တယ်၊ဘယ်သူတွေကချိတ်ဆက်နေတယ်ဆိုတာ ထုတ်ဖော်မပြောပေမယ့် “ပရီးမီးယားလိဂ်”တစ်သင်းသင်းကသာ သူ့ကိုကမ်းလှမ်းခဲ့ရင်လက်ခံသွားမှာဖြစ်ကြောင်းနဲ့ ကမ်းလှမ်းချက်ကိုစောင့်နေကြောင်းပြောဆိုခဲ့ပါတယ်။”ပိုချက်တီနို”က _ “ကျွန်တော်”ပရီးမီးယားလိဂ်”ကိုချစ်ပါတယ်။အဲ့ဒီမှာနည်းပြလုပ်ရတာကိုကြိုက်ပါတယ်။အသင်းဟောင်းကို ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်ဖို့ ခက်ခဲတယ်ဆိုတာလဲကျွန်တော်သိတယ်။အခုဆိုရင် ကျွန်တော်အဲ့ဒီအလုပ်ကိုစောင့်နေပါတယ်။ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”လို့ ဖြေကြားခဲ့ပါတယ်။

Zawgyi-



TBS_Harry

sources-The Pink Podcast , Sky Sport

Leave a comment

Design a site like this with WordPress.com
Get started