အသင်းဟောင်းတွေဖြစ်တဲ့”ချယ်ဆီး”၊”မန်ချက်စတာယူနိုက်တက်”တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်လားဆိုတဲ့အပေါ် အဖြေပေးလိုက်တဲ့”မော်ရင်ဟို”

ဒီမေးခွန်းအပေါ် “မော်ရင်ဟို”က _ “ဝုဗ်”နဲ့”ရှက်ဖီးယူနိုက်တက်”တို့က Top(4)နေရာအတွက်တိုက်ပွဲဝင်ရမှာပါ။သူတို့နည်းပြတွေ(ဝုဗ်၊ရှက်ဖီး)ကို ဒီမေးခွန်းမေးရင် မဝင်နိုင်ဘူးလို့ပဲဖြေကြပါလိမ့်မယ်။သူတို့ကအပြင်ပန်းကသာမဝင်နိုင်ဘူးပြောကြပေမယ့် စိတ်ထဲမှာ ဒီဝင်ခွင့်ရဖို့မှန်းထားတယ်ဆိုတာ ကျွန်တော်သိပါတယ်။လက်ရှိသူတို့ရောက်နေတဲ့အဆင့်ထက် သူတို့ရဲ့အရည်အချင်းတွေက ပိုသာပါတယ်။အခုဆို ဝုဗ်နဲ့ရှက်ဖီးအသင်းတို့ဟာ လူတိုင်းအားကျရလောက်တဲ့အနေအထားတစ်ခုကိုရောက်နေပါပြီ။သူတို့နည်းပြတွေလဲ ဒါကိုကျေနပ်ပြီး ပျော်သင့်တာပေါ့”လို့Sky Sportsရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။”မော်ရင်ဟို”ဟာ သူ့ရဲ့အသင်းဟောင်းနှစ်သင်းဖြစ်တဲ့”ချယ်ဆီး”နဲ့”မန်ယူ”ကို Top(4)စာရင်းထဲထည့်သွင်းထားခြင်းမရှိပါဘူး။

အခုလက်ရှိမှာ “ချယ်ဆီး”ကအဆင့်(၄)နေရာကိုရယူထားပေမယ့် သူ့ရဲ့အနောက်က”ရှက်ဖီး”က(၂)မှတ်အကွာနဲ့ အဆင့်(၅)နေရာမှာဖိအားပေးနေတာပါ။”တော်တင်ဟမ်”က”ချယ်ဆီး”နဲ့(၄)မှတ်ကွာအနေအထားမှာရှိနေပြီး၊”အန်ဆယ်လော့တီ”ရဲ့”အဲဗာတန်”အသင်းဟာ “ချယ်ဆီး”နဲ့ (၅)မှတ်အကွာမှာရှိနေပါတယ်။”ဝုဗ်”နဲ့”မန်ချက်စတာယူနိုက်တက်”တို့ဟာ “ချယ်ဆီး”နဲ့(၆)မှတ်ကွာအနေအထားမှာရပ်တည်နေပါတယ်။

Source – Sky Sports

#TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started