ဒီနှစ်”မန်စီးတီး”ရဲ့ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုက အလွန်စိတ်ပျက်စရာကောင်းပါတယ်ဆိုတဲ့ “ဘာနာဒိုဆေးလ်ဗား”

Photo From Google

“လက်ကျန်ရာသီဝက်ကို လီဗာပူးနဲ့ဆက်လက်ယှဉ်ပြိုင်ဖို့ကျွန်တော်တို့မှာအခက်ခဲဆုံးအနေအထားကိုရောက်နေပါပြီ။ပရီးမီးယားလိဂ်ဖလားကို ဆက်လက်ဗိုလ်စွဲဖို့ မန်စီးတီးဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ဒါပေမယ့် ကျွန်တော်တို့တစ်ပြားမှမလျှော့ပဲကြိုးစားနေဆဲပါ။ကျွန်တော်တို့အသင်းသားတွေလဲ တစ်စုံတစ်ခုကြောင့်စိတ်ဓာတ်ကျရတာမျိုးတွေရှိပါတယ်။ကျွန်တော်ကတော့ ဒီရာသီမှာ အသေးစိတ်ပြင်ဆင်မှုတွေက အမှတ်ပေးသွားတယ်လို့ယုံကြည်ထားပါတယ်။လီဗာပူးနဲ့အမှတ်တွေအများကြီးကွာဟနေတာကိုစိတ်ပျက်ပေမယ့် ဒုတိယနေရာအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ဒီလိုပြောရတာအရမ်းနာကျင်ရပါတယ်။ဘာလို့လဲဆိုတော့ ဘောလုံးရာသီစပြီဆိုတာနဲ့ဘယ်သူမဆို ဒီဖလားကိုလိုချင်တာပဲလေ။ကျွန်တော်တို့ပရိသတ်တွေကလဲ ဒီဖလားကိုရစေချင်တာပဲ။အခုဆိုရင်စိတ်ပျက်စရာကောင်းလောက်အောင် ဘယ်သူကမှကျွန်တော်တို့ကိုမမျှော်လင့်တော့ဘူး။ကျွန်တော်တို့တွေ အများကြီးသင်ယူဖို့လိုပါသေးတယ်။ဘာ့ကြောင့်ကျရှုံးရတာလဲဆိုတာ နားလည်ဖို့လိုတယ်၊ပြီးရင်အဖြေရှာရမှာပေါ့။ဒါတွေက မင်းဘယ်လိုတိုက်စစ်ဆင်လဲ၊ခံစစ်ထိုင်လဲဆိုတာနဲ့မဆိုင်ပါဘူး။အသေးစိတ်ပြင်ဆင်မှုတွေကဆုံးဖြတ်ပေးသွားတာပါ။ကျွန်တော်တို့ပိုကောင်းခဲ့သင့်ပါတယ်။အဲ့ဒီအတွက်လဲ ကိုယ့်ကိုယ်ကိုစိတ်ပျက်မိပါတယ်။

ဒါပေမယ့် ကွင်းထဲမှာကျွန်တော်တို့ဒဏ်ရာရခဲ့တာတွေကိုပြန်ကြည့်မယ်ဆိုရင်VARရဲ့ဆုံးဖြတ်ချက်တွေကဘယ်တုန်းကမှ ကျွန်တော်တို့နဲ့တစ်ထပ်တည်းမကျတာကိုတွေ့ရမှာပါ။ကျွန်တော်ဒါကိုအတွန့်မတက်ပါဘူး။ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာဖြစ်နေကျပဲလေ။နောက်ပြီးကွင်းထဲမှာကျွန်တော်တို့အကြိမ်(၃၀)လောက်အခွင့်အရေးတွေရတယ်၊(၁)ဂိုး(၂)ဂိုးပဲသွင်းနိုင်တယ်။ဒါတွေက”လီဗာပူး”ကိုပိုပြီးအားသာစေခဲ့သလို သူတို့အတွက်လဲအခွင့်အရေးတွေရခဲ့ပါတယ်”လို့်ပြောကြားခဲ့ပါတယ်။

Source Sky Sports

#TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started