တစ်ချိန်က ဘရာဇီးလ်ရဲ့ဂန္ထဝင်ကစားသမား ပီလီ ကျန်းမာရေးအခြေအနေဆိုးရွားနေ….. #TBS

ဘရားဇီးလ်ရဲ့ တစ်ခေတ်တစ်ခါက အကျော်အမော်ကစားသမား ပီလီဟာ ယခုအချိန်မှာတော့ လမ်းလျှောက်ဖို့တောင် အဆင်မပြေဖြစ်နေလို့ အိမ်ကထွက်ရဖို့တောင် တွန့်ဆုတ်နေတယ်လို့ သူ့သား အီဒင်ဟိုကပြောကြားခဲ့ပါတယ် ။

ပီလီက ယခုအချိန်မှာတော့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင် အတော်လေးရှက်ရွံ့နေတယ် ။ သူက အိမ်ကထွက်တာကလွဲပြီး ဘာမှမလုပ်တတ်ဘူးလို့လည်း အီဒင်ဟိုက ဘရားဇီးလ်နိုင်ငံရဲ့ ချန်နယ်လ်တစ်ခုဖြစ်တဲ့ TV Globo သို့ပြောကြားခဲ့ပါတယ် ။

ပီလီဟာ တစ်ယောက်တည်းအေးအေးနေတတ်ပြီး ရှက်အားကြောက်အားကြီးနေတာပါ ။ တစ်ချိန်က သွက်လက်ဖျက်လက်တဲ့ ကစားသမားတစ်ယောက်ကအခုလိုအချိန်မှာ လမ်းလျှောက်ဖို့တောင် အခက်အခဲဖြစ်နေတော့ စိတ်ဓာတ်တွေကျနေတာလည်းပါတယ်လို့ သိရပါတယ် ။

အခုလိုသတင်းကြီးကြားရတော့လည်း စိတ်မကောင်းပါဘူး… အမြန်ဆုံးသက်သာပါစေ Sir pele !

Ref: Sky Sports

#TBS_Pedro

Leave a comment

Design a site like this with WordPress.com
Get started